Monday, October 7, 2013

မငိုနဲ့တော့ ချစ်သူရေ ...

ပင်လယ်ရပ်ဝန်းမှာ တိုက်ခတ်ဖို့

မုန်တိုင်းကို ဘယ်သူဖိတ်ခေါ်ခဲ့တာလဲ ... ?

အဖြေကို ရှာမတွေ့ခင်မှာပဲ -

- အညာဒေသမှာ အသံမဲ့ မိုးတွေက ရွာ .....

ဒီလိုပါပဲ ...

ဝင်းမှည့်နေတဲ့ ဟာရီကိန်းတစ်ခုက -

- ငါ့ရင်ဘတ်ပေါ်ကို တည့်တည့် မတ်မတ်ကြွေ အကျ -

- ချစ်သူ ခမျာမှာလည်း

မိုးဆွေနေတဲ့ မျက်ဝန်းတွေကို ဘယ်လိုကုသ ရမလဲ မသိရှာခဲ့ ...

မငိုပါနဲ့ ...

မငိုနဲ့တော့ ချစ်သူရေ ...

နောက်ဆိုရင် အနားမှာပဲ ရှိနေတော့မှာပါ .....

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး