Tuesday, October 8, 2013

သင့်ကိုတကယ်ချစ်တဲ့လူဆိုရင်


သင်နဲ့အဆက်သွယ်မရတဲ့ခဏ ဖုန်းတွေဆက်
ဘာတွေများလုပ်နေမလဲလို့ စိတ်တွေပူနေမှာပါ...

သင်မျက်နှာမရွှင်လန်းတာတောင် သူ့အတွက်အနေ
ခက်နေတတ်တာပါ...

သင့်ရဲ့လိုအပ်ချက်လေးတွေကိုတတ်နိုင်သလောက်
ဖြည့်ဆည်းပေးဖို့ကြိုးစားနေတတ်တာပါ...

သူ့မှာသင့်ကိုစိတ်ချမ်းသာစေချင်တဲ့စိတ်အပြည့်ရှိ
တာပါ...

တစ်ခါတစ်လေအဆင်မပြေမှုလေးတွေနဲ့စိတ်ဆိုးကြ
ရင်တောင် အရင်ပြန်ချော့ဖို့ဝန်မလေးတတ်ပါဘူး...

ကိုယ့်ရဲ့အတိတ်တွေကိုတတ်နိုင်သလောက်မေ့ပစ်နိုင်
အောင် ကြိုးစားပါလိမ့်မယ်...

ကိုယ့်ရဲ့ခံစားမှုတွေကိုပြောမပြပဲအလိုလိုသိနေတတ်
ပါလိမ့်မယ်...

သူ့မှာကိုယ့်ရဲ့အခက်ခဲတွေကိုအတူရင်ဆိုင်နိုင်တဲ့ခွန်အား
ရှိပြီးပျော်ရွှင်စရာတွေကိုထပ်တူပျော်ရွှင်ပေးဖို့စွမ်းအားတွေ
ရှိတတ်ပါတယ်...

ဒါတွေအားလုံးဟာ တကယ်ချစ်မိတဲ့စိတ်တွေနဲ့ထပ်တူဖြစ်
လာတတ်တာမျိုးပါ...

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး