Tuesday, October 8, 2013

ချစ်သူနှစ်ယောက်အကြားမှာ

ကိုယ့်ချစ်သူကိုအကြောင်းပြချက်များစွာနဲ့ခဏခဏဥပေက္ခာမပြုမိပါစေနဲ့...

ကိုယ်ချစ်သူကို ခဏခဏနာကျင်
အောင်မလုပ်မိပါစေနဲ့...

စိတ်ဆိုးစိတ်ကောက်ကြတဲ့အခါ
မာနတရားတွေနဲ့သူပြန်လာခေါ်
မှဆိုတဲ့စိတ်တွေနဲ့မနေပါနဲ့...

သူကိုယ့်အပေါ်ထားတဲ့ယုံကြည်မှု
ကိုအလွဲသုံးစားမလုပ်ပါနဲ့...

သူ့ဆီကသေးငယ်တဲ့အပြစ်တွေ
ကိုလစ်လျှူရူပေးဖို့မမေ့ပါနဲ့...

အလုပ်များနေပါစေ အလုပ်များ
နေတဲ့အကြောင်း Messages
တစ်စောင်ပို့ပေးဖို့မမေ့ပါနဲ့...

စိတ်ဆိုးကြတဲ့အခါဖုန်းပိတ်ပြီး
တော့အဆက်သွယ်ဖြတ်ထား
တာမျိုးမလုပ်မိပါစေနဲ့...

သူ့ကိုတကယ်ချစ်ရင်သူ့နောက်
ကွယ်မှာဖြစ်နေပါစေ သူမကြိုက်
တဲ့ကိစ္စလေးတွေကိုမလုပ်ပါနဲ့...

ဘယ်လိုမျိုးအချိန်မှာပဲဖြစ်ဖြစ်သူ့
ကိုတကယ်ချစ်ရင်တန်ဖိုးထား
ပေးဖို့မမေ့ပါနဲ့...

သူ့ကိုတကယ်ချစ်ရင်တော့ဘယ်
လိုသောအခက်ခဲတွေနဲ့ပဲကြုံကြုံ
လက်တွဲဖြုတ်ဖို့မစဉ်းစားပါနဲ့...

သေချာစဉ်းစားကြည့်ပါကိုယ့်
ဘဝအထဲမှာသူမရှိရင်ရောကိုယ်
ကနေနိုင်ရဲ့လားလို့...

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး