Monday, October 7, 2013

ပျောက်နေတဲ့အရာ

ပကာသနတွေများလာတဲ့ခေတ်ကြီးထဲ
မသမာမှုတွေလဲများလာတယ်။
အလိမ်စကားတွေက နားထောင်ကောင်းနေတော့
အရိုးခံဆိုတာ ပျောက်လာတယ်။
လူတိုင်းနီးပါးလိမ်နေတော့
စကားမှန်က ယုံစရာမကောင်းတော့ဘူး။
ခွဲစိတ်ပြုပြင်ပြီးလှနေကြတော့
စိတ်အလှကို မေ့လာရင်း
ဪ အချစ်ဆိုတာ
ငွေနဲ့စားမှ အဖြေမှန်သတဲ့လား။
လောကကြီးရယ်……
ငါဘာကို ဟားတိုက်ရမလဲ။
လွမ်းလေး
ကဗျာ

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး