Monday, October 7, 2013

ဆန္ဒရှိရာ

ကော်ဖီနှစ်ခွက်နဲ့ လူနှစ်ယောက်
ပေါက်ကရပြောဖို့ အချိန်မရှိပါဘူး။
မင်းအတွက် မင်းရှင်းရင်ရှင်း
ငါ့အတွက် မင်းရှင်းရင်ရှင်း
နှစ်ယောက်စာရှင်းသွားလဲရတယ်။
နှစ်ယောက်စာငါရှင်းလဲရတယ်။
အပိုတွေဆိုဖို့အင်အားမရှိလို့
၁မိနစ်လောက်ဖြစ်ဖြစ်
မင်းလက် ဆုပ်ကိုင်ခွင့်ရချင်တယ်။
(ပြီးရင်) မင်းကြိုက်ရာဆက်သွားနိုင်တယ်။
လွမ်းလေး

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး