Thursday, October 31, 2013

မဝေးပါရစေနဲ့

ကြာတော့သည်လည်း
မင်းရဲ့ စကား
အိပ်မက် လေလား
မှုန်ရီေ၀၀ါး
ဝိုးတ၀ါးနှင့်
လေနှင့်လွင့်ပါး သွားပြီလားကွာ ...
ဒီ့ထက် မနီးရင်နေ
မဝေးပါရစေနဲ့..တဲ့ ..
ဆိုခဲ့တဲ့ .. မင်း ..
ခုတော့ ..
ခိုင်မာနေတဲ့ ခြေလှမ်းတွေက
ကိုယ့်ကို ကျောခိုင်း လို့ပါလား ..
မင်းထားရင်လဲ
နေခဲ့ပါ့မယ်
ခြေစုံရပ်ပြီး
ပြန်မလှည့်ဖို့ သေချာနေတဲ့ မင်းရဲ့ ကျော
မျှော်ငေးလို့ဘဲ နေရစ်တော့မယ် .....

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး