Thursday, October 31, 2013

.....ခွဲခွာချိန် .....

******************************

နှုတ်ဆက်ခွဲခွာရတဲ့အချိန်မှာ ကျေနပ်ပြုံး ပြုံးပြခဲ့တယ်။ တကယ်တော့ ကွဲကြေနေတဲ့ နှလုံးသားကို မင်းမသိစေချင်လို့ပါ။

နှုတ်ဆက်ခွဲခွာရတဲ့အချိန်မှာ ဦးညွတ်ရင်း တုန့်ပြန်ခဲ့တယ်။ တကယ်တော့ ယိုစီးနေတဲ့ မျက်ရည်စတွေကို မင်းမမြင်စေချင်လို့ပါ။

နှုတ်ဆက်ခွဲခွာရတဲ့အချိန်မှာ လက်ဝှေ့ယမ်းပြခဲ့တယ်။ တကယ်တော့ တုန်ယင်နေတဲ့လက်တွေကို မင်းသတိမပြုမိစေဖို့ပါ။

နှုတ်ဆက်ခွဲခွာရတဲ့အချိန်မှာ ကျောခိုင်းကာ ထွက်သွားခဲ့တယ်။ တကယ်တော့ မူမမှန်ရင်ခုန်သံတွေကို မင်းမရိပ်မိစေဖို့ပါ။

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး