Friday, October 25, 2013

ဆန္ဒတစ်ခု =======



ဆန္ဒတစ်ခု ပြည့်ဝမယ် ဆိုရင်လေ

ကိုယ်ဘာကိုမှ ဆုမတောင်း

အံ့သြ ပျော်ရွှင်ဖွယ်ရာတွေသာ

မင်းဆီကို ရောက်လာပါစေကြောင်း

ဆုတောင်းမိရဲ့ …..

ကိုယ် အလေးအမြတ်ထားရတဲ့

မင်း ဘ၀မှာ

ဒုက္ခ သောက ပူပန်ရမှုတွေ ကင်းပြီး

ငြိမ်းအေးသာယာပါစေ….

ကိုယ်မြတ်နိုးရတဲ့

မင်းရဲ့ မျက်ဝန်းတွေထဲမှာ

ဟန်ဆောင်ခြငိးတွေ ကင်းကွာလို့

ရိုးသားခြငိးတွေနဲ့

အမြဲ တောက်ပနိုင်ပါစေ

ကိုယ်နှစ်သက်ရတဲ့

မင်းရဲ့ လက်အစုံမှာ

စာနာခြင်း ကြင်နာခြငိးတွေနဲ့

ကမ်းလင့်မယ့်လက်တိုင်းအတွက်

ထာဝရပေးဆပ်နိုင်ပါစေ…..

မင်းတောင်းတတဲ့ ဆုတိုင်းရဲ့နောက်မှာ

ပြည့်စုံခြင်းနဲ့အတူ…

မင်းမက်တဲ့အိပ်မက်တိုင်းမှာ

ငြိမ်းချမ်းခြင်းနဲ့အတူ….

မင်းလျှောက်တဲ့လမ်းတွေတိုင်းမှာ

ခိုင်မာမှု အောင်မြင်မှုနဲ့အတူ……

ကိုယ်အလွန်တန်ဖိုးထားရတဲ့

မင်းနှလုံးသားမှာ

မေတ္တာ တရားတွေနဲ့သာ

အမြဲလင်းလက်နိုင်ပါစေ။

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး