Friday, October 25, 2013

မာနမျက်ရည်



သူမခေါ်ကိုယ်မခေါ်ပေါ့...
မာနလေးကို မာန်တင်းမိတော့...
မျက်ဝန်းအိမ်ထဲ မျက်ရည်လေးတွေ...
ဝေ့လို့လာတယ်...။
နင်မရှိလဲ ငါနေတတ်တယ်...
အံကြိတ်ကာပြောမိတော့...
ဒီလည်မျိုထဲ စို့တက်လာတယ်...။
မလွမ်းလောက်ပါဖူး...
ခေါင်းမော့ကာ ဟားတိုက်မိတော့...
ငါ့ရင်ဘတ်ထဲ လှိုက်လို့လာတယ်...။
နင့်ကိုတကယ်မချစ်ခဲ့ပါဖူး...
ခပ်ရဲ့ရဲ့ အပြုံးတစ်ချက်နဲ့...
အတိတ်ကိုပြန်လှည့်ကြည့်မိတော့...
ဟော့ဒီရငဘတ်တစ်ခြမ်းက...
စူးပြီးအောင့်လာတယ်...။
မျက်လုံးတွေလည်းေ၀၀ါးလာတယ်
နောက်ပြီး... ငါ့ပါးပြင်ပေါ်က
ပုလောင်တဲ့ အထိအတွေ့တစ်ခု...
အလိုလေ... ငါငိုနေပါ့လား...။ ~~~။

(လွမ်းလေး)

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး