Tuesday, October 22, 2013

ယုံကြည်ရာနှင့် အခြားတစ်ဖက်

ကိုယ်အကျိုးထက် သူ့အကျိုးကို ကြည့် ကြည့်နေမိတာနဲ့တင် ငါမှာ ငါ့ကိုယ်ငါ မမြင်တက်ခဲ့တော့။ နှင်ရက်တဲ့ ဘ၀က ရေစက်ဆိုတာကို ချချကြွေးလေတော့ ရှောင်လွှဲမရတဲ့ အမှုကိစ္စတွေ အရေးသုံးဖြာမှာ လာလာရောထွေး တစ်ခါတစ်ခါ ကိုယ့်အတွေးနဲ့ကိုယ် ရှုပ်ရှုပ်သွားတယ်။ နဂိုရည်အသွေးကိုက ကိုယ့်အတွက်ပါမလာခဲ့လေသလား ကိုယ့်အရေးထက် သူများအတွက်ချည်း ဦးစားပေးနေရတယ်။ ခက်တယ် ကိုယ့်ရပ်ချင်ရာရပ်မဖြစ်တဲ့ သံယောဇဉ်က နောက်ကိုချည်း ပြန်ပြန်ဆွဲငင် ယုံကြည်ရာကိုမင်လျှက် မြင့်မိုရ်ကိုဖတ်ရင်း ဘ၀ကိုဖြေးဖြေးချင်း ဖြတ်နေရလို့...။ ဒါပေမယ့်..... ငါလျှောက်နေတဲ့လမ်းမှာ ငြှောင့်တံသင်းတော့ ပါမလာခဲ့ဘူး...။

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး