ဗျပ်စောင်းသံလို မချိုတဲ့ သတင်း
နွေမကျတကျ ရာသီမှာ
ပက်ကြားအက်နေတဲ့ စိတ်ကို ထွန်ယက်ပစ်လိုက်တယ်
ကောက်သမလေးရဲ့ လက်ထဲမှာ
အိပ်မက်တွေ အက်ကွဲပြီး ပါသွားလေရဲ့ ။
နတ်ဆိုးကိုမှ ကြည်စားချင်သတဲ့လား
ကိုယ့်ကိုယ်ကို ရွာသူလို့ထင်ရင်တော့
ညှို့ပစ်လိုက်စမ်း
မင်းအတွက်ဆို သခွပ်ပွင့်တဲ့ ငါ့ဘုံကိုတောင်
မိုးစုန်စုန်ချူပ်ပစ်လိုက်လို
နွေမကျတကျ ရာသီမှာ
ပက်ကြားအက်နေတဲ့ စိတ်ကို ထွန်ယက်ပစ်လိုက်တယ်
ကောက်သမလေးရဲ့ လက်ထဲမှာ
အိပ်မက်တွေ အက်ကွဲပြီး ပါသွားလေရဲ့ ။
နတ်ဆိုးကိုမှ ကြည်စားချင်သတဲ့လား
ကိုယ့်ကိုယ်ကို ရွာသူလို့ထင်ရင်တော့
ညှို့ပစ်လိုက်စမ်း
မင်းအတွက်ဆို သခွပ်ပွင့်တဲ့ ငါ့ဘုံကိုတောင်
မိုးစုန်စုန်ချူပ်ပစ်လိုက်လို
့ရတယ် ။
ထားခဲ့တယ် ဆိုရုံနဲ့
သံယောဇဉ်တွေ ပြီးပါပြီး တဲ့လား
ကဝေပျိုမလေးရေ
မင်းမသိလိုက်တဲ့ မှော်ရုံတောမှာ
ပန်းရိုင်းကျိန်စာတွေ
ကိုယ့်လေးညှို့ကိုယ်ဆွဲ
ငါ့ကို ပစ်ခတ်နေကြလေရဲ့ ။
ကြယ်တို့ရဲ့ နတ်သမီး
ညရဲ့ အလင်းတွေကို သိမ်းပိုက်သွားပြန်ပြီး
ဒီဇင်ဘာဟာ မလင်းခြင်းတော့ပေမဲ့
ဆောင်းခေတ်ကိုတော့ လွမ်းနေဦးမှာပဲ
တေလေဟာ သူ့အိပ်မက် သူခင်ကျင်းရင်း
အလင်းသဲ့သဲ့ကို ငတ်မွတ်နေခဲ့တယ် ။
ထားခဲ့တယ် ဆိုရုံနဲ့
သံယောဇဉ်တွေ ပြီးပါပြီး တဲ့လား
ကဝေပျိုမလေးရေ
မင်းမသိလိုက်တဲ့ မှော်ရုံတောမှာ
ပန်းရိုင်းကျိန်စာတွေ
ကိုယ့်လေးညှို့ကိုယ်ဆွဲ
ငါ့ကို ပစ်ခတ်နေကြလေရဲ့ ။
ကြယ်တို့ရဲ့ နတ်သမီး
ညရဲ့ အလင်းတွေကို သိမ်းပိုက်သွားပြန်ပြီး
ဒီဇင်ဘာဟာ မလင်းခြင်းတော့ပေမဲ့
ဆောင်းခေတ်ကိုတော့ လွမ်းနေဦးမှာပဲ
တေလေဟာ သူ့အိပ်မက် သူခင်ကျင်းရင်း
အလင်းသဲ့သဲ့ကို ငတ်မွတ်နေခဲ့တယ် ။
No comments:
Post a Comment