Monday, October 7, 2013

ဈေး

အလှအပတွေရှိတယ်

ဘဝတွေရှိတယ်

အဖိုးတန်တွေလဲရှိတယ်

ပေါချောင်ကောင်းတွေလဲရှိတယ်။

ဈေးတင်နေသူတွေရှိသလို

ဈေးဆစ်နေသူတွေရှိတယ်

အမြတ်ကြီးစားတွေရှိသလို

နေ့စားသမားတွေလဲရှိတယ်

အမွှေးနံ့သာရောင်းသူတွေရှိသလို

အညှီအဟောက်ရောင်းသူတွေရှိတယ်

ဇီဝဒါနလုပ်သူတွေရှိသလို

လတ်လတ်ဆတ်ဆတ်သတ်ပြသူတွေရှိတယ်

မြင့်မြတ်မှုတွေရှိတယ်

ရိုင်းစိုင်းမှုတွေရှိတယ်။

ဒါလား …. လူ့ဘဝထဲက ဈေးခင်း

သြော် … ဈေးခင်းတဖြစ်လဲ လူ့လောက ။

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး