Friday, November 8, 2013

"ဖြေသိမ့်လို့ရတယ်"




နင့်ကိုသတိရလို့
ရင်တွဲမတက်လွမ်းနာကျခဲ့ရတဲ့ငါ
တခြားတစ်ယောက်ကို နင်ပေးဆပ်နေတာတွေနဲ့…..
ဖြေသိမ့်လို့ရတယ်……။

နင်နဲ့တွေ့ချင်လို့ ငါ့ရင်တွေ တဆစ်ဆစ်နာကျင်လာတဲ့အခါ
မရှားပါးတဲ့ အကြင်နာတွေအကြောင်း
နင်အကျွမ်းတ၀င်ပြောနေတာတွေနဲ့ 
ဖြေသိမ့်လို့ရတယ်…..။

ငါ့ခံစားချက်တွေ အားကိုးရာမဲ့လို့
နင့်ရဲ့အကျင့်ကောင်းတွေရှာဖွေမိတဲ့အခါ
စာနာမှုမရှိဘဲ နင်ထားခဲ့တာတွေနဲ့
ငါဖြေသိမ့်လို့ရတယ်…..။

နင်ချစ်ပါ့မလားလို့
ငါ့မှတ်ဥာဏ်တွေက သိချင်လာတဲ့အခါ
ဖြေရှင်းမှုမရှိဘဲ နင်အရူးလုပ်ခဲ့တာတွေနဲ့
ဖြေသိမ့်လို့ရတယ်…..။

နင့်ကိုလွမ်းလို့
ငါတို့ရဲ့အတိတ်အကြောင်းတွေ ပြန်တွေးတဲ့အခါ
မှတ်မိစရာနင့်လုပ်ရပ်တွေနဲ့
အလွမ်းတွေအားလုံး…..ဖြေသိမ့်လို့ရတယ်…..။

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး