Tuesday, November 12, 2013
***ငါ…… မကြေကွဲမိပါဘူး……ဒါပေမယ့်…… **
နင့်ဖုန်းကို ချက်ချင်းပြန်မဖြေနိုင်တဲ့အခါတိုင်း
စိတ်မရှည်လေသံနဲ့ ဒေါသတကြီး ပြောဆိုတတ်တဲ့ နင်နဲ့….ဝေးသွားရတာ
ငါ…မကြေကွဲမိပါဘူး…
ဒါပေမယ့်
နင် ဖုန်းမဆက်တော့တဲ့အခါ
ဝမ်းနည်းပက်လက် ခံစားနေရတဲ့ ငါ့ကိုယ်ငါပဲ မကျေမနပ်ဖြစ်နေမိတယ်….။
အတူတူဆုံဖို့ နေရာရွေးတဲ့အခါတိုင်း
အမြဲ ပြဿနာရှာတတ်တဲ့ နင်နဲ့ ထာဝရ နှုတ်ဆက်လိုက်ရတာ
ငါ…မကြေကွဲမိပါဘူး…
ဒါပေမယ့်
အဲ့ဒီ့နေရာတွေရောက်တိုင်း…..နင့်အရိပ်တွေကို သတိရနေတတ်တဲ့ ငါ့ကိုယ်ငါ မုန်းတယ်..။
ငါ့ဝတ်စားဆင်ယင်ပုံတွေကို
အမြဲဝေဖန်ရှုံ့ချလေ့ရှိတဲ့ နင်နဲ့ လမ်းခွဲခဲ့ရတာ
ငါ…မကြေကွဲမိပါဘူး…
ဒါပေမယ့်
အ၀တ်အစားတွေ ရွေးချယ်တိုင်း
ခုချိန်တွေထိ
နင့်ဝေဖန်မှုတွေကို တမ်းတနေသေးတဲ့ ငါ့ကိုယ်ငါ စိတ်နာတယ်….။
ငါ့အပြင်အဆင်….နေထိုင်ပုံတွေနဲ့
အမြဲဆန့်ကျင်ဘက် ဖြစ်တည်နေတတ်တဲ့ နင်နဲ့ ပြန်မဆုံဖြစ်တော့တာ
ငါ…မကြေကွဲမိပါဘူး…
ဒါပေမယ့်
နင့်လိုပုံစံကောင်လေးတွေမြင်တိုင်း…..
နင်များဖြစ်နေမလားလို့ လိုက်ကြည့်နေမိတတ်တဲ့ ငါ့ကိုယ်ငါ စိတ်ပျက်တယ်…။
အဆင့်အတန်းတွေကွာလို့
အသိုင်းအ၀ိုင်းကြားမှာ ငါ့ကို ဖုံးကွယ်ထားခဲ့တဲ့နင်နဲ့ ကျောခိုင်းခဲ့ရတာ
ငါ…မကြေကွဲမိပါဘူး…
ဒါပေမယ့်
ဂုဏ်တွေ ဒြပ်တွေကြားထဲမှာ နင် ကြာရှည်စွာ မရပ်တည်နိုင်မှာကို
ခုထိ စိတ်ပူမိနေသေးတဲ့ ငါ့ကိုယ်ငါ အပြစ်တင်နေမိတော့တယ်…။
Subscribe to:
Post Comments (Atom)
ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ
တပတ်အတွင်း လူအကြိုက်ဆုံး
-
အဝေးမှာလည်း နေဖြစ်တယ် အချစ်တို့များစွာလည်း ကျန်ရစ်နေတယ် ပြန်ဆုံတွေ့ဖို့အချိန်က နေ့ လ များစွာလိုနေသေးလည်း ... မျှော်လင့်လို့ကောင်းတဲ့ ရ...
-
သမုဒယတွေ ဘယ်လောက်ပဲ ပမာဏ တိုးခဲ့ တိုးခဲ့ ကိုယ်ပိုင်သီအိုရီတွေနဲ့ ရင်ခုန်သံတွေကို နယ်စည်းခြားစေခဲ့တယ်။ ဆောက်တည်လက်စတွေကို မက်မောရင်း ...
-
အပြုံးလေးနဲ့ ချစ်သူ ... နှလုံးသားလေးကို ဆောင် ကျဉ်းယူ ... နှလုံးသားလေးလည်း ပဲ့ကြွေခိုက် ... သူ့ခြေစုံမှာ .. ဒူးထောက်လျက် ... မုန်း...
-
❀ ချစ်သူမင်းနဲ့ဒို့ရဲ့အချစ်က လေလှိုင်းလေးထဲကနေ စတင်ခဲ့ကြတာပါ❀ ❀ မင်းဒို့ကိုမချစ်တော့ရင် ပြောလိုက်ပါ။ဒါပေမယ့် မေ့ပစ်ဖို့တော့မပြောပါနဲ့ ❀ ❀...
-
ငါ့အနားက နင်ထွက်သွားတိုင်း “ဘယ်သွားမှာလဲ ” လို့ ငါမမေးခဲ့ပေမယ့် နင်ရောက်နိုင်မယ့်နေရာတွေကို ခန့်မှန်းရင်း နင်မသိအောင် ငါ အနောက်က လိုက်နေမိခဲ...
-
အရမ်းလွမ်းတယ်......ချစ်သူ တစ်ခြားသူတွေအမြင်မှာ အရမ်းလွမ်းတယ်ဆိုတဲ့ စကားလုံးက ပိုတယ်လို့ ထင်ချင် ထင်ကြလိမ့်မယ် ..ဒါပေမဲ့ ငါတို့ ရင်ထဲမှာေ...
-
ချစ်တတ်ဖို့ရာ လွယ်ပါတယ် မုန်းမေ့ဖို့ရာ ခက်လှပါတယ်.................... မင်းကိုချစ်မိနေတဲ့နှလုံးသားက မင်းလေးကိုမုန်း မေ့ဖို့ရာမစွမ်းသာပြ...
-
နောင်တတွေနဲ့ အဖြေအကြားလုပ်မိတိုင်း လူမသိ သူမသိ အရှုံး အသစ်တွေနဲ့ ကိုယ့်ကျဆုံးခန်း ကိုယ်ပြန်ရစ်ကြည့်နေရသလို....။ အမှန်တရားတွေကပဲ အနာတရ ဖြစ်စေခ...
-
ငါဘယ်လောက်ပဲလွမ်းတယ်ပြောပြော မင်းငါ့ကိုယုံကြည်မှာမဟုတ်ဘူး.. ... ငါဘယ်လောက်ချစ်တယ်ပြောလည်း မင်းခံစားရမှာမဟုတ်ဘူး........ မင်းနဲ့ပက်သက်တ...
-
စိတ်ညစ်တယ်..ချစ်သူ. အပြစ်မဲ့..စကားလုံးတချို့ နဲ့ .. ငါ့ကို.ပိုးစိုးပက်စက်..ရိုက်နှ က်.. ငါ့ဘ၀မှာ...နင်က..တခုတည်းသော..မှီတွယ်ရာပါဟာ.. ဒဏ...

No comments:
Post a Comment