Thursday, November 7, 2013
ငါ ဖြစ်တည်စေခဲ့တယ် "
အခက်အခဲတွေ ကြုံဆုံလာတဲ့အခါ
နင့်ကို ငါ့အနားခေါ်ထားဖို့ စိတ်မကူးခဲ့ပေမယ့်
နင့်အပြုံးတွေ တွေးရင်း
ပျော်စရာတချို့နဲ့
ငါ......လဲလှယ်ယူခဲ့တယ်.....။
အလွမ်းတွေနဲ့ နေသားမကျချင်တော့တဲ့အခါ
နင် ပြန်လာပါလို့ မတောင်းဆိုခဲ့ပေမယ့်
အတင်းအကြပ် ငါစေခိုင်း
နင်နဲ့ နီးဖို့ရက်တွေအတွက်
မျက်ရည်တွေ လောလောဆယ်ကျစေရင်း
ငါ.....ရင်းနှီးလို့ထားတယ်.....။
ခါးသီးမှုတချို့ ငါ့ထံရောက်လာတဲ့အခါ
နင် ဖြေရှင်းပေးပါလို့ ငါ....မပူဆာခဲ့ပေမယ့်
ဘယ်အရာမဆို နင့်ကို တိုင်တည်....
ငါတို့အနာဂတ်တစ်ခုနဲ့ အရာရာကို
ငါ.....ချိုမြိန်စေခဲ့တယ်.....။
ဝေးကွာခြင်းဘက်မှာ အစိုးရိမ်လွန်မိတဲ့အခါ
ငါ့ကိုပဲ နင် ဆက်ချစ်ပါ လို့....မတိုက်တွန်းခဲ့ပေမယ့်
နင့်ရင်ထဲက ငါရခဲ့ဖူးတဲ့တစ်နေရာစာအတွက်
သက်ဆုံးတိုင် ငါကျေနပ်....
နင် ရှိနေတယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့
ပိုင်ဆိုင်ထားသောနေ့ရက်တွေ..
ငါ.....ဖြစ်တည်စေခဲ့တယ်.....။ ။
Subscribe to:
Post Comments (Atom)
ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ
တပတ်အတွင်း လူအကြိုက်ဆုံး
-
အဝေးမှာလည်း နေဖြစ်တယ် အချစ်တို့များစွာလည်း ကျန်ရစ်နေတယ် ပြန်ဆုံတွေ့ဖို့အချိန်က နေ့ လ များစွာလိုနေသေးလည်း ... မျှော်လင့်လို့ကောင်းတဲ့ ရ...
-
သမုဒယတွေ ဘယ်လောက်ပဲ ပမာဏ တိုးခဲ့ တိုးခဲ့ ကိုယ်ပိုင်သီအိုရီတွေနဲ့ ရင်ခုန်သံတွေကို နယ်စည်းခြားစေခဲ့တယ်။ ဆောက်တည်လက်စတွေကို မက်မောရင်း ...
-
အပြုံးလေးနဲ့ ချစ်သူ ... နှလုံးသားလေးကို ဆောင် ကျဉ်းယူ ... နှလုံးသားလေးလည်း ပဲ့ကြွေခိုက် ... သူ့ခြေစုံမှာ .. ဒူးထောက်လျက် ... မုန်း...
-
❀ ချစ်သူမင်းနဲ့ဒို့ရဲ့အချစ်က လေလှိုင်းလေးထဲကနေ စတင်ခဲ့ကြတာပါ❀ ❀ မင်းဒို့ကိုမချစ်တော့ရင် ပြောလိုက်ပါ။ဒါပေမယ့် မေ့ပစ်ဖို့တော့မပြောပါနဲ့ ❀ ❀...
-
အရမ်းလွမ်းတယ်......ချစ်သူ တစ်ခြားသူတွေအမြင်မှာ အရမ်းလွမ်းတယ်ဆိုတဲ့ စကားလုံးက ပိုတယ်လို့ ထင်ချင် ထင်ကြလိမ့်မယ် ..ဒါပေမဲ့ ငါတို့ ရင်ထဲမှာေ...
-
ငါ့အနားက နင်ထွက်သွားတိုင်း “ဘယ်သွားမှာလဲ ” လို့ ငါမမေးခဲ့ပေမယ့် နင်ရောက်နိုင်မယ့်နေရာတွေကို ခန့်မှန်းရင်း နင်မသိအောင် ငါ အနောက်က လိုက်နေမိခဲ...
-
ချစ်တတ်ဖို့ရာ လွယ်ပါတယ် မုန်းမေ့ဖို့ရာ ခက်လှပါတယ်.................... မင်းကိုချစ်မိနေတဲ့နှလုံးသားက မင်းလေးကိုမုန်း မေ့ဖို့ရာမစွမ်းသာပြ...
-
ငါဘယ်လောက်ပဲလွမ်းတယ်ပြောပြော မင်းငါ့ကိုယုံကြည်မှာမဟုတ်ဘူး.. ... ငါဘယ်လောက်ချစ်တယ်ပြောလည်း မင်းခံစားရမှာမဟုတ်ဘူး........ မင်းနဲ့ပက်သက်တ...
-
နောင်တတွေနဲ့ အဖြေအကြားလုပ်မိတိုင်း လူမသိ သူမသိ အရှုံး အသစ်တွေနဲ့ ကိုယ့်ကျဆုံးခန်း ကိုယ်ပြန်ရစ်ကြည့်နေရသလို....။ အမှန်တရားတွေကပဲ အနာတရ ဖြစ်စေခ...
-
စိတ်ညစ်တယ်..ချစ်သူ. အပြစ်မဲ့..စကားလုံးတချို့ နဲ့ .. ငါ့ကို.ပိုးစိုးပက်စက်..ရိုက်နှ က်.. ငါ့ဘ၀မှာ...နင်က..တခုတည်းသော..မှီတွယ်ရာပါဟာ.. ဒဏ...
No comments:
Post a Comment