Saturday, November 2, 2013

***အားလုံး အချစ်တွေ မင်းအတွက်***

ချစ်သူရေ...
ခဏတာ ဝေးကွာခြင်းတွေက
ဘ၀မှာ ထာဝရနီးနိုင်ဘို့
သံယောဇဉ်လေးတွေကို
စမ်းသပ်နေတာပါ
အနေဝေးပေမဲ့
နှလုံးသားချင်း နီးကပ်နေကြလို့
ငါ ပျော်ပါတယ်
ချစ်သူလက်ကိုတွဲပြီး
သာယာတဲ့ အနာဂတ်ကို ဖန်တီးမယ်
သာယာတဲ့ အနာဂတ်နဲ့
ပျော်ရွှင်ဖွယ် အတိပြီးတဲ့
ငါတို့ရဲ့ဘ၀က ကမ္ဘာမှာ
အာဒံနဲ့ဧ၀ ပြီးရင် ဒုတိယ ချစ်သူစုံတွဲလေးပေါ့
နင် မရှိတဲ့ဘ၀မှာ ငါ့အတွက်
နေတွေ လတွေ ကြယ်တွေဆိုတာ
မရှိခဲ့ဘူး ချစ်သူ
နင် ရောက်လာတဲ့ ငါ့ဘ၀မှာတော့
အရာရာပြည့်စုံတဲ့
ဘ၀တစ်ခုကို ဖန်တီးနိုင်မဲ့
အနာဂတ်ရဲ့ လမ်းစတစ်ခုပေါ့
ချစ်သူရေ မပြယ်သော
ချစ်ခြင်းမေတ္တာတွေနဲ့
ပိုင်ဆိုင်လာမဲ့ အနာဂတ်ဘ၀ကို
လှပအောင် တည်ဆောက်ကြမယ်နော်..။

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး