Tuesday, November 12, 2013

**ငါနင့်ကို......"

ငါနင့်ကို မမေ့ပါဘူး
နင့်စိတ်ထဲ ငါမရှိလို့
ငါနင့်ကို အေးစက်သွားတာ။

ငါနင့်ကို မမုန်းပါဘူး
နင့်အချစ် ငါ့အတွက်မဟုတ်တော့လို့
ငါနင့်ကို ရင်မခုန်တော့တာ။

ငါနင့်ကို မထားခဲ့ပါဘူး
နင့်ဘက်က ရှောင်ပြေးခဲ့လို့
ငါနင့်ကို မတွေ့ချင်တော့တာ

ငါနင့်ကို မကစားပါဘူး
နင်ကိုယ်တိုင် လှည့်စားခဲ့လို့
ငါနင့်ကို စိတ်ကုန်သွားတာ....။

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး