Saturday, October 5, 2013

ရိုးရိုးလေးချစ်ပါ

ငါနင့်ကို ရိုးရိုးလေးပဲချစ်ခဲ့တာမို့
ငါ့ရဲ့အချစ်တွေဟာ
နင့်အတွက် ကဗျာဆန်ချင်မှဆန်လိမ့်မယ်

နင့်ကိုရိုးရိုးလေးပဲချစ်ခဲ့တာမို့
ငါ့ရဲ့အပြုအမှုတွေက
နင့်အတွက် လှပချင်မှလှပနေလိမ့်မယ်

ငါနင့်ကို ရိုးရိုးလေးပဲချစ်ခဲ့တာမို့
ငါ့ရဲ့စကားတွေဟာ
နင့်အတွက်တော့ နူးညံချင်မှနူးညံနေလိမ့်မယ်

နင်မရှိရင် မနေတတ်မထိုင်တတ်ဖြစ်ရုံ
နင်ကိုလွမ်းတိုင်း နင့်ခနဲဖြစ်သွားတဲ့ရင်ဘတ်
နင့်ကိုဆုံးရှုံးရမှာ သေမတတ်ကြောက်ရုံကလွဲပြီး
ငါနင့်ကို ရိုးရိုးလေးပဲချစ်ခဲ့တာပါ......................

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး