Sunday, October 6, 2013

ငြိမ်းချမ်းသူ

မြင့်မားတဲ့ဂုဏ်တွေမရှိပါဘူး

ရိုးရှင်းတဲ့စိတ်နှလုံးတော့ရှိတယ်။

တိုင်းတာလို့ရတဲ့ ငွေတွေမပိုင်ဆိုင်ဘူး

မျှဝေကူညီစိတ်တွေ အပြည့်ရှိတယ်။

အောင်မြင်ကျော်ကြားမှုတွေမရှိပါဘူး

နောင်တကင်းတဲ့ ပျော်ရွှင်မှုရှိတယ်။

ဆုတံဆိပ်တွေ တန်းစီမပိုင်ဘူး

ဘောင်ခတ်မထားတဲ့ အတွေးအခေါ်တွေရှိတယ်။

စကားချိုချို မဆိုပါဘူး

မျက်လုံးထဲမှာ အဖြေရှိတယ်။

ယုံချင်ယုံ မယုံချင်နေ

ဇောချွေးကင်းတဲ့ နေ့တွေရှိတယ်။

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး