Tuesday, October 8, 2013

ငါ......................နင်ကို..............ဘယ်တော့မှမပြောပြတော့...................

နင်ကစစ်မှန်တဲ့ အချစ်မဟုတ်ခဲ့ရင်လည်း ငါကတော့  စစ်မှန်တဲ့အချစ်တွေနဲ့ နင့်ကိုပြန်ချစ်နေမိခဲ့တယ်
နင်ငါ့ ကိုမာယာတွေသုံးပြီးညာခဲ့လည်း ငါကတော့ နင့် ကိုယုံလို့ မရလည်းယုံနေမိပြီ…………
နင်က လွယ်လွယ်လေး ချစ်လွယ်လွယ်မုန်းလို့ရခဲ့လည်းငါကတော့  နင် နဲ့ ပတ်သတ်ခဲ့သမျှ အရာအားလုံးကို
ဘယ်တော့မှ  မေ့ရမှာမဟုတ်ပါဘူ့း
ဒါပေမယ့်လည်း
နင်သိအောင်တော.မပြောပြဖြစ်ဖူးဘူးလေ……………
ငါလေ ညတွေတိုင်းလည်း  ကြယ်လေးတွေကိုကြည့်ပြီးနင့် ကိုသတိရတယ်
လမင်းကြီးနဲ့ ကြယ်လေးတွေကိုတိုင်တည်ပြီး နင့် ကိုချစ်တဲ့အကြောင်းတွေကို သူတို့ကိုပြောပြမိတယ်လေ
ညတိုင်းပါဘဲ
ဒါပေမယ့်လည်း
နင့်ကိုတော့မပြောပြဖြစ်ဘူး…………….……………
ငါလေဘုရားရှေ့ မှာလဲသစ္စာဆိုထားတယ် နင်တစ်ယောက်ကိုပဲ တစ်သက်လုံးချစ်သွားမယ်လို့…………
တကယ်လည်း ငါ့ရင်ထဲမှာနင်တစ်ယောက်ထဲပါ
နင်ကလွဲတခြားသူဆိုတာမရှိပါဘူး
ဒါပေမယ့်လည်း
နင့်ကိုတော့ မပြောပြဖြစ်ဖူးဘူးလေ….…………….……………
ငါနင့် အတွက်ဆိုအရာအားလုံးကိုစွန့်လွှတ်နိုင်ပါတယ်
ငါရင်ထဲမှာအချိန်တိုင်းတွေးထားတယ်နင်ပျော်ဖို့အဆင်ပြေဖို့ကိုပဲငါနင့်ကိုအချိန်တိုင်းသတိရတယ်
အချစ်ဆိုတာကိုငါလေသေချာမပြောပြတတ်ပေမယ့် လည်းနင်ဟာ ဘ၀ရဲ့ အချစ်ဦးအချစ်ဆုံးလူတစ်ယောက်
ဆိုတာတော့ သေချာပါတယ်နော်
နင့် ကိုတကယ်ချစ်တယ်ဆိုတာကိုနင်သိအောင်မပြောပြတော့ပါဘူး……….……………
Chatting ၀င်တိုင်းနင့်ကိုမတွေ့ ရရင်ငါရင်မောနေမိတယ်
နင်နဲ့ တွေ့ ရတဲ့ နေ့ တွေဆိုငါပျော်နေမိတယ်
မတွေ့ရတဲ့နေ့တွေဆို    နင့်ကိုသတိရနေမိတယ်
ဒီအချိန်မှာနင်နေမကောင်းလို့လားအဆင်မပြေလို့လား
ဘာတွေဖြစ်နေလဲဆိုတဲ့အတွေးတွေနဲ့ပေါ့…..…………
မနက်မိုးလင်းတာနဲ့နင်ရဲ့message တွေကိုငါလေအရင်ဦးဆုံးရှာမိတယ်….……………
တကယ်တော့လေ
ငါ့ရဲ့ဘ၀တစ်နေ့တာအစိတ်ပိုင်းတိုင်းမှာနင်ကပဲစိုးမိုးနေတာပါ
အမှန်ပြောပြရင်ငါနင့်ကိုအရမ်းချစ်ပါတယ်ဟာ
ဒါပေမယ့် နင်သိအောင်တော့မပြောပြတော့ပါဘူး.….……………
ငါနင့်ကိုချစ်တယ်လို့ပြန်ပြောပြရမှာရင်လေးတယ်ဟာ
နင်ငါ.ကိုထားသွားမှာကိုလဲငါမခံစားနိုင်ဘူး
အဲဒါကြောင့်ငါနင့်ကိုချစ်တယ်လို့ဘယ်တော့မှမပြောပြတော့ဘူး
ဒါကလဲငါနင့်ကိုအရမ်းချစ်ခဲ့လို့ပါ.….……………
နင့်ကိုချစ်တယ်လိုနင်သိအောင်ပြောပြရမှာကိုဘာလို့ ကြောက်နေမိလဲဆိုတာငါကိုယ်ငါလဲသေချာမသိဘူး
ငါထင်တာတော့ငါလေနင့်အချစ်ကိုမယုံရဲပဲကြောက်နေတာဖြစ်မယ်နော်.….……………
ငါ  နင်ကအရမ်းချစ်သလိုထားသွားမှာလဲအရမ်းကြောက်နေမိတယ်ဟာ
အဲဒါကြောင့်လဲငါလေ
ငါရင်ထဲမှာနင်နဲ့ပတ်သတ်တဲ့သတိရစရာတွေနင့်ကိုချစ်တဲ့အချစ်တွေကိုအားလုံးကိုစာလုံးလေးတွေအဖြစ်ချ
ရေးလိုက်မယ်
နင်သိအောင်မပြောပြတော့ဘူးဟာ….……………
ငါ့ဘ၀မှာနင်တစ်ယောက်သာချစ်ခဲ.တာ
တစ်ကယ်ပါနော် .……………
ဒါပေမယ့်
ငါလေ…… နင်.ကို……ဘယ်တော့မှမပြောပြတော့ဘူး…………………………နော်

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး