Saturday, October 5, 2013

နင့်ရဲ့ချစ် သူ နင်မသိချင်ယောင်ဆောင်တာတွေကို ငါ့လို သီးခံနိုင်စွမ်း ရှိပါစေ

နင်လက်တွဲမယ့် နင့် ချစ်သူ ..
ငါ လို အပြစ်မရှိ အပြစ်ရှာ စိတ်ကောက် ရန်ဖြစ်တဲ့သူမဟုတ်ပဲ အရာရာမှာ နင့်အပေါ်သည်းခံပေးတတ်တဲ့သူ ဖြစ်ပါစေ !!!

နင်လက်တွဲမယ့် နင့် ချစ်သူ ..
ငါ လို ဘာမဟုတ်တဲ့ကိစ္စသေးသေးလေးတွေမှာတောင် နင့်အပေါ်သဝန်တိုတတ်တဲ့သူမျိုးမဟုတ်ပဲ အစစအရာရာ နင့်အပေါ် နားလည်မှုအပြည့်အဝရှိနေတဲ့သူ ဖြစ်ပါစေ !!!

နင်လက်တွဲမယ့် နင့် ချစ်သူ ..
ငါ လို စကားများ ရန်တွေဖြစ်တိုင်း ပြတ်ပြီဟာ ဆိုပြီး အလွယ်တကူပြောတတ်တဲ့သူ မဟုတ်ပဲ နင့်စိတ်တိုင်းကျ နင့်အလိုလိုက်ပေးနိုင်သူ ဖြစ်ပါစေ !!!

နင်လက်တွဲမယ့် နင့် ချစ်သူ ..
ငါ လို ဘယ်သူနဲ့ယှဉ်ယှဉ် အရာရာမှာ နင့်ကိုမျက်နှာငယ်စေတဲ့သူမဟုတ်ပဲနဲ့ နင့်အသိုင်းအဝိုင်းက ဂုဏ်ယူနိုင်တဲ့သူ ဖြစ်ပါစေ !!!

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး