Thursday, October 31, 2013

မှတ်မိနေဆဲ

အခိုက်တန့် လေးတခုပါ..ချစ်သူ..
နင့်ရဲ့ နံဘေးမှာ..နေခွင့်ရခဲ့တာ..
နင်စွန့် ကြဲလိုက်တဲ့..အသက်မပါတဲ့..
အနမ်းတပွင့်က..ငါအတွက်တော့..နွေးထွေးခဲ့ပါတယ်ဟာ..
ဟန်ဆောင်ထားတဲ့.နင့်အပြုံးမှာလည်း..
ငါအကြိမ်ကြိမ်..ရင်ခုန်ခဲ့မိပါတယ်..
သံယောဇဉ်မထားတက်ဖူးတဲ့..နင့်အတွက်..
ခဏတာတွေက..များနေပေမယ့်လည်း..
ငါ့လိုမနူးမနပ်..ချာတိတ်တယောက်အတွက်တော့..
ယာယီဆိုတာလေးကိုပဲ..သာယာခဲ့တယ်..
နင်နဲ့ အတူ..ကျောချင်းကပ်ထိုင်လို့ .
အားမနာတမ်း..ရင်ဖွင့်ခဲ့တုန်းက..
နင်ပြောခဲ့တဲ့..စကားလေ.မလတ်ဆက်တော့ပေမယ့်..
မှတ်မိနေဆဲပဲ..
အဲဒါက.".အချစ်ဆိုတဲ့..ပုံသေနည်းအောက်မှာ..ငါကစေခိုင်းရာပါ.."တဲ့..
အခုတော့..နင်ကအချစ်ကိုပြန်စေခိုင်းနိုင်ပြီပေါ့လေ..
ဘာပဲဖြစ်ဖြစ်ပါ..လမ်းမခွဲခင်က..နင့်မျက်ဝန်းအကြည့်လေးကို..
မသေခင်မှာတခါလောက်..မြင်ချင်သေးတယ်..ဟာ..

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး