Tuesday, October 22, 2013

" ဘယ်သူ့ ကို ချစ်လဲ "


အိပ်ပါတော့ ချစ်သူ
မနက်ဖြန်ရက်တွေ အတွက်
ခရီးဆက်ရန် အားမွေးသင့်တယ် မဟုတ်လား

နွေးထွေးမှု အပြည့်ပေးမယ့် ရင်ပြင်ထဲမှာ
မင်းကလွဲရင် တခြားလူ မထည့်ချင်တဲ့သူ
တစ်ဦးထဲ ရှိတဲ့သူကို ဘယ်သူ့ ကိုချစ်လဲ မမေးပါနဲ့ 

အနေဝေးတိုင်း သွေးမအေးတက်တဲ့ စိတ်အစဉ်မှာ
အတွေးမှာရှိ
စိတ်ကူးမှာမြင်
မင်းအပြုံးသည်သာ ငါ့ရင်ထဲက အလှဆုံး ပန်းဘုရင်

ပြောမကုန်နိုင်တဲ့ အလွမ်းတွေ အတွက်
မင်းအသံလေးသာ အကြားချင်ဆုံး လိုအင်
နင်တစ်ယောက်က လွဲရင် ဘယ်သူ့ ကိုမှ မချစ်ခြင်တော့

အပြစ်မြင်လဲ ချော့
ဘယ်တော့မှ လျော့မသွားတဲ့ အချစ်က
တစ်နေ့ ထက်တစ်နေ့  ပို၍သာ တိုးပြီးချစ်လာခဲ့ရတယ်

ပြုံးပါကွယ် ခေါင်းကိုမော့
လှုပ်ခတ်လာတဲ့ နှုတ်ခမ်းက ပန်းအတွက်
အသက်နဲ့ ရင်းပြီးတောင် နမ်းချင်မိတာ

မင်းရင်ထဲက အချစ်တွေရော ဘယ်သူ့ အတွက်လဲ ?

တွဲလက်များနဲ့ အနာဂတ် အတွက်

..............




♫♪♫♪♫ ဘယ်လောက်ထိ ချစ်လဲ မေးရင်
မျက်ရည်ကျအောင်ချစ်တယ်
ဘယ်လိုမျိုး ချစ်လဲ မေးရင်
လွမ်းလောက်အောင်ကို ချစ်တယ်
ဘယ်ချိန်ထိ ချစ်လဲ မေးရင်
သေသည့်တိုင်အောင် ချစ်တယ်
ဘယ်သူ့ ကို ချစ်လဲ မေးရင်
မင်းကို ငါချစ်တယ် .... ♫♪♫♪♫

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး