Monday, October 21, 2013

ငါနှလုံးသားပုံလောင်းလိုက်တော့

** လိုအပ်ချက်ရယ် မျှော်လင့်ချက်ရယ် တောင့်တမှုရယ် ကဲ.......... ဒါတွေအားလုံးရဲ့နိဂုံး ငါဘယ်နေရာမှာ ခဏပုန်းနေလို့ရမလဲ။ ** နင် မြုပ်ခဲ့တဲ့ ရင်ခုန်သံ မှိုင်းတွေလေ ကွဲလာခဲ့တာ တစ်ဒိုင်းဒိုင်းနဲ့ ငါ့မာနတွေ လှိုင်းထတဲ့ထိ။ ** ရတယ်..... နင်သိဖို့က အရင်တုန်းက မသိခဲ့တဲ့ အိပ်မက်ရယ် မျှော်လင့်ချက်ရယ် တောင့်တမှုရယ် ခံစားမှုရယ် အလွမ်းရယ် အချစ်ရယ်ကို ... အရည်ကျို အရောင်ပြောင်း ငါ့နှလုံးသား ပုံလောင်းလိုက်တော့ အချစ်ဆိုတာ....... ငါဥာဏ်မမီ မဖြေရှင်းတတ်တဲ့ သိမ်မွေ့နက်နဲတဲ့ အရာတစ်ခုပေါ့။

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး