Tuesday, October 8, 2013

ငါ နေပေးခဲ့တာပါ...............


စိတ်ညစ်တယ်ဆိုတဲ့ စကားတစ်ခွန်းကြားလိုက်ရုံနဲ့ 
အမြဲတမ်း အလိုက်တသိနဲ့ နင် စိတ်ချမ်းသာအောင်ပဲ
ငါ နေပေးခဲ့တာပါ...............

နင်ပေးတဲ့ ဂရုစိုက်မှု ငါ ပိုတိုး တိုးပီးမျှော်လင့်နေမိတယ်
ဆိုပေမဲ့ အမြဲတမ်း ဂရုတစိုက်နဲ့ စိတ်ပူနေမိတဲ့ သူက
ငါပဲ ဖြစ်နေခဲ့ရတာပါ.............


နာကျင်နေပါရက်နဲ့  ဆုံးရှုံးလိုက်ရရင်ဆိုတဲ့
အတွေးတစ်ခုကြောင့် အတင်းအကြပ် ဆုပ်ကိုင်ထားရင်း
တန်ဖိုးထားနေပေးတာပါ..............


နင် ဆိုတဲ့ စိတ်နဲ့ ပဲ အမြဲတမ်း နင့် သဘောတိုင်းရှိနေပေးတဲ့
ငါက နင့်အတွက် ဘာတွေများလိုအပ်နေသေးလို့  ငါ့အချစ်တွေကို
နင် တန်ဖိုးထားဖို့ မေ့နေရတာလဲ ချစ်သူရယ်..............


( အရာရာကို နင့် ဆန္ဒအတိုင်းပဲ ရှိနေခဲ့လို့ များလား ????
ဒါပေမဲ့ ငါ ပြောသမျှတွေကိုလဲ နင် အလေးမထားပေးတာ ငါ
သိနေတာပဲလေ )

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး