မထင်မှတ်တဲ့ တွေ့ ဆုံမှုကြောင့်.........
ကိုယ် ဘ၀ထဲက ထုတ်လို့ မရခဲ့တဲ့...........
တော်ဝင်မင်းသမီးလေးရေ............
ကိုယ်လို့ အညတရ ဘ၀ထဲကို..........
အမှတ်မထင်ရောက်လာခဲ့တဲ့..........
ကိုယ်ရဲ့ ရွှေမင်းသမီးလေး.။။။။။
မင်းလေးရဲ့ အသုံး မ၀င်တဲ့ ပစ္စည်းတွေက......
ကိုယ်လိုလူအတွက် တန်ဖိုးဖြတ်မရတဲ့အရာဖြစ်ခဲ့တယ်.........

တောင်းတမှုတွေနဲ....မျှော်လင့်ခြင်း ပန်းတိုင်ကို...........
ရောက်လာနိုးနဲ့ မှန်းဆရင်.....
ရူးသွားနိုင်တယ်....။။။
မင်းသမီးလေးတော့သိမယ် မထင်..........
အခြွေအရံကြား ကိုယ့်လို မထင်ပေါ်နိုင်တဲ့...........
လူတစ်ယောက် ရဲ့ ဘ၀ကို မြင်ကြည့်ပေးပါလား။။
အရာအားလုံး ချို့ တဲ့နေတဲ့ ကိုယ်က မင်းလေးကို .....
ချစ်တဲ့ အချစ်တွေတော့ မင်းလိုသလောက်သုံးပါ...........
မကုန်နိုင်တဲ့ အချစ်တွေ ပြည့်လျှမ်းနေပါတယ်။။။
အခုတော့ မင်းလေးကျကျန်ခဲ့ ပစ္စည်းလေးကို.....
ဖက်တွဲထားရင် ပြန်လာရှာမဲ့ နေ့ကို မျှော်လင့်....
စောင့်စားလို့ ရူးသွပ်နေပါပြီ။။။။။။

အကိုတစ်ယောက်အတွက်ခံစားရေးဖွဲ့ သည်။။။။။။ မကောင်းလည်းကောင်းတယ်ပြောကြပါ.. :P
No comments:
Post a Comment