Saturday, October 12, 2013

`လွမ်းတယ်´

`လွမ်းတယ်´ ဆိုတဲ့...စကားကို ပြောဖို့ထက်...သတိရတိုင်း နင့်ဆီ...အပြေးလာခဲ့ချင်တာ ..
ကျန်းမာရေး ဂရုစိုက်နော်´ ဆိုတဲ့...စကားကို ပြောဖို့ထက်...နင် နေမကောင်းတဲ့အချိန်မှာနင့်ကို ပြုစုစောင့်ရှောက်ချင်တာ ..

`ပျော်ရွှင်ပါစေ´လို့...ဆုတောင်းပေးဖို့ထက်...နင် ပျော်ရွှင်အောင်ထားချင်တာ ..
ဒါပေမဲ့  ...
နှလုံးသားရဲ့အလိုကို လိုက်ဖို့...ဦးနှောက်က ခွင့်မပြုတဲ့အခါ...နင့်ကိုနှုတ်ဆိတ်ငေးနေမိတာ
မဆန်းပါဘူး ..
မမြင်ရတဲ့မေတ္တာ...ဖြတ်မရတဲ့ သံယောဇဉ်...မေ့မရတဲ့ စိတ်နဲ့ ...ခြောက်ကပ်ကပ်အခန်းထဲမှာ
ရင်ခုန်သံတွေ နှုတ်ဆိတ်...ဝေးဝေးကသာ လွမ်းရင်းပေါ့

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး