မီးကျွမ်းအရိပ် ၊ တိတ်တဆိတ်ပဲ့ကျ
စိုးထိတ်ကြေကွဲ ၊ လွမ်းနေဆဲမှာ
ခဲရာခဲဆစ် ၊ နှောင်တွယ်ရစ်သော
အချစ်ချောများ ၊ အပြေးလွှားမျောပါ
ခါးသောနေ့ရက် ၊ လိုက်ပွေ့ဖက်လာ
မတတ်သာအောင် ၊ ကျွမ်းလောင်ပူခြင်း
နေဆယ်စင်းလို သောကတွေ…။
ချစ်ကြင်စဉ်က
အပြုံးလှနှင့် ၊ ဖွဖွအနမ်း
ရင်တွင်းချမ်းမြ ၊ လန်းလှတဲ့ပန်း
မြတ်နိုးပန်းနှင့် ၊ စမ်းတမျှကြည်
သူရေးသီသည့် ၊ ရွှန်းကြည်ကဗျာ
ချစ်မေတ္တာရောင် ၊ ထွန်းလင်းပြောင်လက်
ရင်တွင်းသက်တော့ ၊ သူ့ခေါင်းမော့ခိုင်း
နှင်းဆီရိုင်းတစ်ပွင့် ၊ ဆံယဉ်တင့်အောင်
ဝင့်ဝင့်ကြွား ပန်ဆင်ပေးလိုက်မိ…။
သူ့ဘ၀ဟာ
ကိုယ့်ဘ၀ပါလို့ ၊ စိတ်မှာသိရှိ
ကတိတွေထား ၊ သစ္စာများဆို
မဝေးလိုဘူး ၊ အို… အချစ်ဦးရယ်
အရူးအမူး ၊ ရင်ဝယ်စူးနစ်
မြေခြားရစ်လည်း ၊ ချစ်မြဲမဆုံး
ပုံမှန်ဖုန်းခေါ် ၊ သူ့စာမျှော်ရ
အချစ်စရှည် ၊ သောကထွေပွား
စိတ်များ သူ့ထံသာ ရောက်ရောက်နေ…။
တခြားအချစ် ၊ ချစ်သူသစ်ကို
မရှာလိုဘူး ၊ အထူးရင်ခုန်
ပြန်ဆုံချိန်မှာ ၊ ပျော်စရာရှာဖွေ
ပန်ခြံတွေသွား ၊ ဘုရားတွေဖူး
တမေ့တမူးပျော် ၊ ကြည်နူးရွှင်ပျ
သောကနဲ့ဝေး ၊ စိတ်အဆွေးမရှိ
လွန်ပီတိဖြစ် ၊ အချစ်မြစ်တစ်စင်း
ကြည်လင်ခြင်းများနဲ့ စီးနေရဲ့…။
ဒါပေမယ့်လေ…
ကြမ္မာမွှေနှောက် ၊ မုန်တိုင်းရောက်သလို
ကြောက်စရာရောဂါ ၊ သူ့မှာကပ်ငြိ
နွမ်းချိကြေကွဲ ၊ မစဲတဲ့မျက်ရည်
ပူစွာကြွေဆင်း ၊ ဘ၀ချင်းခြား
အိပ်မက်များပြယ် ၊ အင်အားတွေပျောက်
အလွမ်းတောက်ပ ၊ မှောင်ကျတဲ့ဘဝ
ခဏခဏငိုနေမိပါရဲ့…။
ချစ်သူရေ………. လို့
ရင်မှာဆို့စွာ ၊ အော်နေတာကို
သူဟာ ကြားနိုင်ပါ့မလား…။
တစ်ချိန်ဆီက ၊ လှပတဲ့အချစ်
ဝေးရစ်ဝေးကွာ ၊ ဆွေးစရာဘဝ
မှုန်ပျတွေဝေ ၊ အချစ်တွေဟာ
ကောင်းကင်မှာလား ၊ မြေမှာလားလို့
ပြေးလွှားရှာဖွေ ၊ ရူးနေသလို
စိတ်ရှုပ်ပြိုကျ ၊ မျက်ရည်စများ
ချောသောပါးပေါ် စီးဆင်းနေရဲ့…။
အချစ်ပျောက်တဲ့ ၊ ဘ၀ရဲ့လမ်း
မောဟိုက်နွမ်းလျ ၊ မွမွပဲ့ကြေ
အရှုံးတွေဆင့် ၊ ဝေဒနာရင့်များ
များပြားစွာသီးပွင့် ၊ ချတဲ့ပင့်သက်မှာ
အက်ရာတွေချည့်…။
Subscribe to:
Post Comments (Atom)
ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ
တပတ်အတွင်း လူအကြိုက်ဆုံး
-
အဝေးမှာလည်း နေဖြစ်တယ် အချစ်တို့များစွာလည်း ကျန်ရစ်နေတယ် ပြန်ဆုံတွေ့ဖို့အချိန်က နေ့ လ များစွာလိုနေသေးလည်း ... မျှော်လင့်လို့ကောင်းတဲ့ ရ...
-
သမုဒယတွေ ဘယ်လောက်ပဲ ပမာဏ တိုးခဲ့ တိုးခဲ့ ကိုယ်ပိုင်သီအိုရီတွေနဲ့ ရင်ခုန်သံတွေကို နယ်စည်းခြားစေခဲ့တယ်။ ဆောက်တည်လက်စတွေကို မက်မောရင်း ...
-
အပြုံးလေးနဲ့ ချစ်သူ ... နှလုံးသားလေးကို ဆောင် ကျဉ်းယူ ... နှလုံးသားလေးလည်း ပဲ့ကြွေခိုက် ... သူ့ခြေစုံမှာ .. ဒူးထောက်လျက် ... မုန်း...
-
❀ ချစ်သူမင်းနဲ့ဒို့ရဲ့အချစ်က လေလှိုင်းလေးထဲကနေ စတင်ခဲ့ကြတာပါ❀ ❀ မင်းဒို့ကိုမချစ်တော့ရင် ပြောလိုက်ပါ။ဒါပေမယ့် မေ့ပစ်ဖို့တော့မပြောပါနဲ့ ❀ ❀...
-
အရမ်းလွမ်းတယ်......ချစ်သူ တစ်ခြားသူတွေအမြင်မှာ အရမ်းလွမ်းတယ်ဆိုတဲ့ စကားလုံးက ပိုတယ်လို့ ထင်ချင် ထင်ကြလိမ့်မယ် ..ဒါပေမဲ့ ငါတို့ ရင်ထဲမှာေ...
-
ငါ့အနားက နင်ထွက်သွားတိုင်း “ဘယ်သွားမှာလဲ ” လို့ ငါမမေးခဲ့ပေမယ့် နင်ရောက်နိုင်မယ့်နေရာတွေကို ခန့်မှန်းရင်း နင်မသိအောင် ငါ အနောက်က လိုက်နေမိခဲ...
-
ချစ်တတ်ဖို့ရာ လွယ်ပါတယ် မုန်းမေ့ဖို့ရာ ခက်လှပါတယ်.................... မင်းကိုချစ်မိနေတဲ့နှလုံးသားက မင်းလေးကိုမုန်း မေ့ဖို့ရာမစွမ်းသာပြ...
-
ငါဘယ်လောက်ပဲလွမ်းတယ်ပြောပြော မင်းငါ့ကိုယုံကြည်မှာမဟုတ်ဘူး.. ... ငါဘယ်လောက်ချစ်တယ်ပြောလည်း မင်းခံစားရမှာမဟုတ်ဘူး........ မင်းနဲ့ပက်သက်တ...
-
နောင်တတွေနဲ့ အဖြေအကြားလုပ်မိတိုင်း လူမသိ သူမသိ အရှုံး အသစ်တွေနဲ့ ကိုယ့်ကျဆုံးခန်း ကိုယ်ပြန်ရစ်ကြည့်နေရသလို....။ အမှန်တရားတွေကပဲ အနာတရ ဖြစ်စေခ...
-
စိတ်ညစ်တယ်..ချစ်သူ. အပြစ်မဲ့..စကားလုံးတချို့ နဲ့ .. ငါ့ကို.ပိုးစိုးပက်စက်..ရိုက်နှ က်.. ငါ့ဘ၀မှာ...နင်က..တခုတည်းသော..မှီတွယ်ရာပါဟာ.. ဒဏ...
No comments:
Post a Comment