Friday, October 25, 2013

ထာဝရ သူငယ်ချင်း

တစ်ချိန်က နင်ယုံကြည်ခဲ့တဲ့ငါ...
ခုချိန်မှာ နင့်အတွက် လူလိမ်တစ်ယောက်ပေါ့

တစ်ချိန်က နင်အားကိုးခဲ့တဲ့ငါ
ခုချိန်မှာ နင့်အတွက် အရှုပ်ထုပ်ပေါ့

ဟုပ်တယ်...
ငါရူးမိုက်စွာ ဂယောင်ခြောက်ခြားဖြစ်ခဲ့မိတယ်
ဒါကို နင်နားမလည်ပေးနိုင်ဘူးလားဟင်...

တစ်ချိန်တုန်းက နင်ပြောခဲ့တဲ့စကားတွေ
"နင့်ကိုမကောင်းဘူးပြောတဲ့ကောင်တွေ ငါအရမ်းပဲ မုန်းတာဆို "

ခုတော့ နင်ဘေးစကားတွေ နားယောင်ခဲ့တာလား...

နင်မဟုပ်တဲ့နင်ဖြစ်နေခဲ့လို့လား.....

ခုချိန်မှာ...နင့်ကို မကောင်းပြောတဲ့ကောင်တွေ ငါအရမ်းမုန်းပေမယ့်
နင့်အတွက် ငါဘာမျှမလုပ်ပေးနိုင်သေးတာ....နားလည်ပေးပါဟာ...

တစ်ခါတစ်ခါ မုန်းမိချင်တယ်...နင့်ကို...

အရမ်း ခံစားရခက်တဲ့ စကားတွေ...လူကို ရူးလောက်အောင်နင်ပြောထွက်ခဲ့တယ်နော်...

နင်တကယ်ပဲ...ပျော်နေတာလား...
အားငယ်လျက်နဲ့ ငါ့ကိုတော့ အဝေးမထွက်ခိုင်းပါနဲ့ဟာ....
ငါ့အတွက် ဘာမျှမလိုတော့ပါဘူးကွာ....
နင့်နားမှာ..အားပေးချင်နေရုံပါ...သူငယ်ချင်းတစ်ယောက်လိုပေါ့

နင့်ဘေးကို ငါတစ်ချက်ဝှေ့ ကြည့်လိုက်ရင်...
နင့်ဘေးနားက အပေါ်ယံ အရည်ထုပ် လူတွေကို အရမ်းမုန်းတယ်

ငါပြန်လိုချင် နေမိတယ်...အရင်ကအချိန်လေးတွေ...
၃မိနစ်လောက်သောအချိန်အတွင်းမှာ...
ပေးစပ်လိုက်ရတာက...ဘ၀ တစ်သက်သာစာဖြစ်တော့မယ်...

ခုလည်း....
ငါ့ခင်ဗျာ...အရူးတစ်ပိုင်း...လည်ပြန်တမော့မော့နဲ့ပေါ့...
ပြန်မျှော်နေမယ်နော်...
နင်နဲ့ဝေးရာတစ်နေရာကနေ

ငါစောင့်ရှောက်နေမယ်နော်...
နွေးထွေးတဲ့...ဒီရင်ခွင်ထဲကနေ..

(လွမ်းလေး)

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး