Sunday, October 6, 2013

နင်သိပါတယ်

❥ နင်သိပါတယ် ...
ငါနင့်ကို စိတ်ကောက်တဲ့အခါတိုင်း နင်စိတ်ညစ်မှာစိုးလို့ ငါပဲအမြဲပြန်ချော့ခဲ့တယ် ဆိုတာကို!!

❥ နင်သိပါတယ် ...
အရာရာတိုင်းမှာ အနိုင်လိုချင်တဲ့ငါက နင်နဲ့ပတ်သက်ရင် အမြဲ အရှုံးပေးခဲ့တယ် ဆိုတာကို!!

❥ နင်သိပါတယ် ...
နင်စိတ်ဆိုးပြီး ငါ့ကိုအော်တိုင်း ငါဝမ်းနည်းလွန်းလို့ ကလေးတစ်ယောက်လို ငိုကြွေးတတ်တယ် ဆိုတာကို!!

ဒါပေမယ့် ....

❥ နင်မသိပါဘူး ...
နင့်ဆီက ဂရုစိုက်မှုကို မျှော်လင့်မိတိုင်း ငါဘယ်လောက် နာကျင်ရတယ် ဆိုတာကို!!

❥ နင်မသိပါဘူး ...
နင်ချော့တာခံချင်လို့ စိတ်ကောက်တိုင်း စိတ်မရှည်သလို အပြစ်တင်တတ်တဲ့ နင့်စကားတွေကြောင့် ငါဘယ်လောက် ခံစားရတယ် ဆိုတာကို!!

❥ နင်မသိပါဘူး ...
ငါ့ခံစားချက်တွေကို ဥပေက္ခာပြုပြီး နင့်ကိုဆက်ချစ်နေရတာ ငါ့အတွက် ဘယ်လောက်ပင်ပန်းတယ် ဆိုတာကို!!

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး