Monday, October 7, 2013

ချိုသောအရှုံး

ငါဖြစ်ချင်တာထက်

မင်းမဖြစ်ချင်တာ ငါမလုပ်လိုဘူး ။

ငါလွမ်းနေမှာထက်

မင်းမထမ်းချင်တဲ့ဝန် ငါမပေးလိုဘူး ။

ငါချစ်ချင်တာပဲ ငါသိလို့မရအောင်

မင်းဖြစ်လိုရာ ငါစတေးလိုက်ချင်တယ် ။

ပြောစရာအများအပြားကျန်သေးပေမယ့်

နှုတ်ဆိတ်ထားတယ် မင်းအတွက် …..

ငါ့မျက်နှာလွှဲတုန်းခဏ

အကွက်တွေရွှေ့လိုက်ပါ။

“Game Over” လို့အော်ပြီး

ငါ့ဟားတိုက်လိုက်ကွာ ။

ထပ်ခါထပ်ခါပြောနေမှအချစ်မဟုတ်ဘူး ။

အနိုင်ယူလိုတဲ့မင်းအတွက်

Congratulate လုပ်လိုက်မယ် ။

ချစ်တတ်ရင် အရှုံးကလဲချိုမြိန်တယ် ။

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး