Saturday, October 12, 2013

ငါအချစ်ကိုလက်ခံပေးပါ

မုန်း တဲ့ စိတ်နဲ့ ကြည့်မှတော့
အရာအားလုံး စိတ်ညစ်စရာ ကြီးပဲပေါ့
နင်က ငါ့နဲ့ အဝေးဆုံးကို ရှောင်နေချင်တာဆိုတော့
သိပ်ကြောက်စရာကောင်းမှာပေါ့
ငါ က နင်ကို ချစ်တယ်
အဲ့ ဒီ ချစ် ခြင်းက ကဗျာတစ်ပုဒ်လား
သံစဉ်တစ်ခုလား
နင် မချစ်ရင်နေပါ
ငါ့အ ချစ်ကိုတော့ မစော်ကားပါနဲ့
ငါက ကြည်ဖြူစွာပေးခဲ့တဲ့
ဘ၀တစ်ခုကို မလိုချင်ရင်နေပါ
မပုတ်ခတ်ပါနဲ့
ငါ တန်ဖိုး ထား သမျှ
နင် ပြန်ပြီး တန်ဖိုးမထားတက်ရင်နေပါ
ငါချစ်တဲ့ နင် ကို
တိတ်တခိုး လွမ်းရရင်ကျေနပ်တယ်
နင် က တော့ ရင်ခွင်သစ်တွေကို
ပြေးခုန်ကစားနေတဲ့
လိပ်ပြာလေး ပါ
ငါက နင်ပြန်လာမှာကို စောင့်နေတဲ့
ဝတ်ရည်ခမ်း နေတဲ့ ပန်းကလေးပါ
ဒါပေမယ့် နင် အဆိပ်သင့် ပြီး
ပြန်လာချိန်မှာ ငါ ပွင့်ဖတ်တွေက
နင်အတွက် အသက်ကယ်ဆေး
ငါရဲ့ ရနံက
နင့်အတွက် အဆိပ်ဖြေဆေးပဲ
နင် ဒီကဗျာကိုဖတ်ပြီး
တိတ်တခိုးလှောင်ရယ်နေမှာပါလေ
....ဒါပေမယ့်
ငါ မရှက်တမ်း ၀န်ခံလိုက်တဲ့
ကဗျာ တစ်ပုဒ်ကို
စဆုံးတော့ ဖတ်ပေးပါဟာ
ပြီးရင်..ငါ့နှလုံးသားကို
ဝင်ကြည့်ပေးပါ
အမုန်းတွေကို ဖယ်ပြီးတော့
ယုံကြည်ချက်ရှိရှိနဲ့
ငါအချစ်ကိုလက်ခံပေးပါ

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး