Monday, October 21, 2013

နင်ကငါ့ချစ်သူ

မဖြစ်နိုင်တော့ဘူးဆိုလဲ လက်မပြပါနဲ့ ထွက်သွားလိုက်ပါ ... နာကျင်နေတဲ့ ဒီရင်ကို စောင်းငဲ့စရာမလိုပါဘူး နင်ပျော်ဖို့ပဲ လိုတာပါ။ မလိုချင်တော့ဘူးဆိုလဲ မပြောနေပါနဲ့ စွန့်ခွာသွားပါ ... တမ်းတနေတဲ့ ဒီရင်အစုံကို လှည့်ကြည့်စရာမလိုပါဘူး နင် စိတ်ချမ်းသာဖို့ပဲ လိုတာပါ။ မချစ်နိုင်တော့ဘူးဆိုလဲ ဟန်ဆောင်မနေပါနဲ့ မုန်းခဲ့လိုက်ပါ... သွေးစွန်းနေတဲ့ ဒီနှလုံးသားကို သနားစရာမလိုပါဘူး နင် တကယ်ချစ်တတ်ဖို့ပဲ လိုတာပါ။ ငါ မဟုတ်တဲ့ ငါ့နောက်ကွယ်မှာ ငါ မသိတဲ့ ငါမမြင်ရာမှာ ငါ မခံစားနိုင်တဲ့ လုပ်ရပ်တွေနဲ့ ငါ နာကျင်အောင် အကြိမ်ကြိမ်သတ်နေမယ့် အစား နင် ပြောခဲ့လိုက်ပါ ..... မမြင်ချင်ဘူးဆိုလဲ အရိပ်တောင် မတွေ့စေရဘူး မကြားချင်ဘူးဆို လေပြေလေးတောင်မဖြတ်စေရဘူး ငါ နေနိုင်အောင် နေပါမယ် အချစ်ဆိုတာ ရယူမှ မဟုတ်ပါဘူး ဘယ်လိုဖြစ်သွားသွား ဘာဖြစ်နေနေ ငါချစ်နေသမျှ နင်က ငါ့ချစ်သူပဲ ဟာ ။

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး