Friday, October 25, 2013

~~~~ အဝေး ရင်ခွင် ~~~~

ချစ်သူ
ဖြစ်နိုင်ရင်လေ
ကောင်းကင်ကြီးကို နှစ်ပိုင်းခွဲ
နင်နဲ့ငါနဲ့ မတူညီတဲ့နေရာမှာ ရောက်ရှိ
နေ့တွေ အတိတ်မေ့သွားရင် ကောင်းမယ်

ချစ်သူ
ဖြစ်နိုင်ရင်လေ
နှင်းတွေကျတဲ့အရပ်မှာသာ နင်ရောက်မနေခဲ့ရင်
နှင်းတောထဲလဲရင်း ငါ့နာမယ်ရေရွတ်ရင်း
နင့်ရင်ထဲ ငါမရှိခဲ့တော့ရင် ကောင်းမယ်

ချစ်သူ
ဖြစ်နိုင်ရင်လေ
နင် ငါ့အနားရှိမနေတဲ့ဘ၀ကို
ပုံဖော်မနေရရင်ကောင်းမယ်

ကာရံထားတဲ့ တံတိုင်းကြီးကို
တခါတလေ မုန်းမိတယ်
ငါချခင်းပေးခဲ့တဲ့
နှလုံးသားလမ်းပေါ်
နင် လျှောက်နင်းလို့
အဆင်ပြေရဲ့လား

နင် ငါ့အနား ထာဝရ ရှိနေပေးပါ
နင် ပြန်လာပါ ဆိုတဲ့ စကား
ရင်ထဲ သော့ခတ်
သော့တံကို မျက်ရည်ပင်လယ်ထဲ မျှောလိုက်တယ်

(လွမ်းလေး)

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး