Sunday, October 20, 2013

ချစ်သူတားထားတဲ့ စည်း

မကြင်နာသူဆီကမှ.... အကြင်နာကို လိုချင်ခဲ့မိတာ ငါ့အမှားလား....? တကယ်ဆို များများစားစားလဲ မမျှော်လင့်ခဲ့ပါဘူး....ငါလေ.... ချစ်လွန်းလို့ မင်းရဲ့ဘေးနားမှာ အရာရာကို ဖြည့်ဆည်းပေးချင်မိခဲ့တာပါ ဒါဟာ..ထပ်ပြီးတော့များ မှားသွားသလား..? မကြင်နာသလို အရာရာကို ငါနဲ့ပတ်သက်ရင် အပြစ်မြင်နေတတ်သူရဲ့ မျက်ဝန်းထဲမှာ ငါဟာ... ပြဿဒါးတစ်ကောင်ပဲ ဖြစ်နေတော့မှာပါ တခါတခါတော့လဲ လောကကြီးက ရယ်စရာတော့ အကောင်းသား.... ချစ်ခြင်း နဲ့ မုန်းခြင်း..ကြား..... ဘယ်လောက်များ ခြားနားနေကြလို့ပါလိမ့်.. စက္ခုအာရုံကို ကျော်ရစ်.. ခြားနားခြင်း အားလုံးကို အရည်ဖျော်ပစ်လိုက်တော့.... မင်း နဲ့ ငါ့ ကြား အလွှာပါးပါးလေး တစ်ချပ်သာ ကျန်ရစ်တယ်... ဒီညတော့ မင်းဆီ ငါ့ကို လာခွင့်ပြုပါကွယ်...

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး