Saturday, October 12, 2013

ရက်စွဲတစ်ခု၏တမ်းချင်း

ချစ်သူရေ . . . . .
ခံစားနေရတဲ့ ဝေဒနာတွေကိုလည်း
ထုတ်ညည်းမပြချင်တော့ပါဘူး
ခံစားနေရတဲ့ ရင်ဘတ်ကြီး အသိဆုံးပါ
လွမ်းတဲ့အကြောင်းတွေ ချရေးလိုက်တိုင်း
မျက်ရည်တွေ အလိုလို ပါလာတတ်လွန်းလို့
ငါ့မျက်ဝန်းကိုလည်း ငါ အားနာလှပါပြီ
အမှတ်တရတွေ များလွန်းတော့လည်း
တိုင်ဆိုင်မှုရှိတဲ့အခါတိုင်း
ရင်ဘတ်ထဲက ဒဏ်ရာတွေ အဆိပ်တက်နေရတာ
ဒီနေ့အထိပါပဲ . . . . .
ချစ်သူများနေ့ တဲ့
မေ့ထားချင်ပေမယ့်လည်း
မိုးလင်းကတည်းက ရောက်လာတဲ့ အလွမ်းတွေ
ငါ့နှလုံးသားကို တီးတိုးသတိပေးကြတယ်ကွာ
မင်း မှီဖူးတဲ့ ပခုံးလေးကို ငဲ့စောင်းကြည့်မိတော့
မင်း ပြောခဲ့ဖူးတဲ့ စကားတွေ ပြန်သတိရတယ်
သေချာတယ် . . . ဒီနေ့လည်း အလွမ်းတွေနဲ့ တစ်နေကုန်ဦးမှာပဲ

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး