Sunday, October 27, 2013

မင်းသိစေချင်လို့

မင်းသိစေချင်လို့

ချစ်တယ်..
ချစ်တယ်လို့........
အလွယ်မပြောနဲ့ချစ်သူ........

ဒီစကားတစ်ခွန်းလေးဟာ
နင့်အတွက်တော့ ထမင်းစားရေသောက်လောက်တောင်
မခက်ခဲပေမယ့်.........
အဲဒီစကားလေးပြောဖို့
ငါ့ဘဝတစ်ခုလုံး ရင်းထားရတယ်......

ပြီးတော့ ခဏခဏ ခေါင်းမညိတ်ပါနဲ့ ချစ်သူ
တချို့စကားတွေ မကြားရပေမယ့်
အပြုအမူထက်ဆိုးဝါးတာတွေ
နင်ကြုံဖူးမှပဲ သိလိမ့်မယ်.........

လူတိုင်းကို ငါ့လိုမထင်ပါနဲ့ချစ်သူ
နင့်အပေါ် ငါအလျော့ပေးခဲ့တာဟာ
နင့်ကို ငါ ချစ်လို့........
သူတစ်ပါးတွေက မျှော်လင့်ချက်ပေါင်းများစွာနဲ့
တစ်ခုခုပြန်ရလိုဇောနဲ့
နင့်အနားမှာနေချိန်....
ငါက ဘာမှမလိုချင်ခဲ့ဘူးဆိုတာ...
နင်သိရဲ့လား...

ရပါတယ် ..
နင်မသိလဲဘာမှမဖြစ်ပါဘူး...ချစ်သ
ငါက နင်သိစေချင်ရုံလေးပါ......

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး