Thursday, October 10, 2013

"လရိပ်မြူ.. ၂ "



ဒီရေတောမှာ. ကြွေခဲ့သင့်တဲ့
ကျွန်တော့် ဒဏ်ရာဒဏ်ချက်တွေနဲ့
မိုးမိခဲ့ဖူးတဲ့ မျက်ဝန်းနက်နက်တွေအတွက်
အစကတည်းက
ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ ညတွေမှာ
ပြူတင်းတံခါးမှာ
လမင်းရဲ့ အရိပ်ကို ခိုခွင့်ရဖို့
လိပ်ပြာတွေအိပ်တန်းပြန်ဖို့
ကြယ်ရောင်တွေ ပျောက်ခဲ့မှတော့
နှစ်ပေါင်းများစွာကြာမှ အလွမ်းတွေပွင့်တဲ့ပန်းအတွက်
မိုးသားတွေက ခဏတာတွေကို
ပုစ္ဆာဆန်ပစ်ခဲ့တယ်...။

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး