Tuesday, November 12, 2013

အိမ်မက်






ပထမနေ့က အိမ်မက်မက်တယ် မင်းနဲ့အတူ စားပွဲဝိုင်းတခုမှာအတူတူထိုင်နေကျတယ် ချစ်သူ မင်းကလဲတနေရာ ငါကလည်းတနေရာစီပါ ငါမခံစားနိုင်ဘူးချစ်သူ အဲဒီတိတ်စိတ်မှူ့ကို မင်းနားကိုငါကပ်ထိုင်ခဲ့တယ် ပီးတော့စကားတွေအကြာကြီးပြောကျတယ် ငါအရမ်းပျော်တယ်ချစ်သူ

ဒုတိယည

ချစ်သူ မင်းဆံပင် အတိုညှပ်ထားတယ်လို့အိမ်မက်မက်တယ် ငါသိချင်ခဲ့တယ် တကယ်ဟုတ်မဟုတ် ဒါပေမယ့်
ကို မေးခွင့်မရှိတော့ပါဘူး

တတိယည

မင်းနဲ့အတူ ခုံတန်းလျားမှာ နှစ်ယောက်ထဲထိုင်နေတယ်
ညီမ မထင်မှတ်တာကိုလုပ်မိလိုက်တယ်
မင်းရဲ့နှဖူးလေးကိုနမ်းခဲ့တယ်
မင်းကပြောတယ် **ဘာလုပ်တာလဲတယ့် **
ကို ပြန်ပြောခဲ့ပါတယ်
" တောင်းပန်ပါတယ် ကိုစိတ်မထိန်းနိုင်တော့လို့ပါ"
ပီးတော့ ကို မင်းရဲ့လက်ကိုကိုင်ပီး
ပျော်နေတုန်းမှာ
နှောက်ရှက်ခံခဲ့ရတယ်
အဲ့ဒီနှောက်ရှက်တဲ့သူနံမည်က
နိုးထခြင်း
ငါ မင်း ကို ယ နေ့ ထိ တိုင် ချစ် နေလျှက်ပါချစ်သူ

အိမ်မက်က တကယ်မဟုတ်ပေမယ့်
အိမ်မက်ကိုကျေးဇူးတင်မိပြန်ပါ
တယ်

တတိယမြောက်ပုံပြင်လေးပါ.....

တစ်ခါတုန်းကပေါ့........
တောအုပ်ကြီးတစ်ခုမှာအရမ်းချစ်ကျတဲ့
လိပ်ပြာစုံတွဲလေးရှိသတဲ့........
တစ်နေ့ကျတော့ ပန်းပွင့်ကြီးတစ်ပွင့်အပေါ်
မှာဝတ်ရည်စုတ်နေရင်းနဲ့ လိပ်ပြာအထီးလေးကပြောတယ်.........
ဒီပန်းပွင့်ကြီးပေါ်ကနေ..နေထွက်တာကို
စောင့်ကြည့်ရရင်အရမ်းကောင်းမှာပဲဆိုပြီး
တော့ပေါ့.......
ပြီးတော့သူအကြံရသွားတယ်........
နက်ဖြန်မနက်ကျရင်ဒီပန်းပွင့်ကြီးကိုအစော
ကြီးလာကျမယ်..အစောဆုံးရောက်တဲ့သ
ကပိုပြီးတော့ချစ်တဲ့သူပဲဆိုပြီးတော့စိန်ခေါ်
လိုက်တယ်..လိပ်ပြာမလေးကလဲသဘော
တူတယ်.................
အဲ့ဒါနဲ့နောက်တစ်နေ့ လိပ်ပြာ
အထီးလေးဟာမိုးမလင်းခင်ကထပြီးတော့အစောဆုံးပန်းပွင့်ကြီးဆီကိုသွားတာပေါ့...
သူရောက်တဲ့အချိန်ကစောလွန်းတော့ပန်း
ပွင့်ကြီးတောင်မပွင့်သေးပါဘူး
ခဏကြာတော့ပန်းပွင့်ကြီးတစ်ဖြည်းဖြည်း
နဲ့ပွင့်လာတယ်.....အဲ့ဒီမှာမြင်လိုက်ရတဲ့
မြင်ကွင်းကလိပ်ပြာအထီးလေးကိုအံအား
သင့်တုန်လှုပ်ကြေကွဲသွားစေခဲ့တယ်....
ပန်းပွင့်ကြီးအလယ်မှာငြိမ်သက်နေတဲ့လိပ်
ပြာမလေးကိုတွေ့လိုက်ရတာကိုး.......
လိပ်ပြာအထီးလေးအနားရောက်တဲ့အချိန်
မှာလိပ်ပြာမလေးကအသက်မရှိတော့ပါဘူး
လိပ်ပြာမလေးဟာသူ့အချစ်ကို သက်သေပြ
ဖို့အတွက်ညကတည်းကပန်းပွင့်ကြီးပေါ်မှာစောင့်ရင်းသူ့အချစ်ကိုအသက်နဲ့လဲပြီးသက်
သေပြသွားခဲ့တာပါ..........

3ဟုတ်လား

တစ်ကယ်ချစ်တယ်
တစ်ကယ်လွမ်းတယ်
တစ်ကယ်တွေ့ချင်နေတယ်
အဲ့ဒီဟာတွေကိုဘယ်လိုသတ်သေပြရမလဲဗျာ

ကျနော်ကတော့
အဲ့ဒါတွေကိုသတ်သေပြလို့မရဘူးထင်တယ်

သတ်သေပြမယ်ဆိုရင်လဲ သတ်သေပြတယ်ဆိုတာကြိုတင်ပြီးစီစဉ်ရမှာဖြစ်တဲ့အတွက်ကြောင့်
ယုံကြည့်မူကိုလိမ်ပြီးယူသလိုဖြစ်မိမယ်ထင်ပါတယ်

ကျနော်ကတော့ တစ်ကယ်လွမ်းတယ် တစ်ကယ်ချစ်တယ်ဆိုတာတွေကို တိုက်ဆိုင်မှုကနေပဲသိနိုင်မယ်လို့ထင်ပါတယ်
......................................
ဒါကတော့ကျနော့်အထင်ပါ အမှားပါရင်လဲထောက်ပြပေးကြပါ
........................................

2မလိုပါဘူး

တကယ်တမ်းချစ်လျင် ဂုဏ်ပကာသနတွေ
မလိုပါဘူး နွေးထွေးစွာချစ်မယ် အချစ်ပဲလိုတယ်

အချစ်ကရယူမှူပေးဆပ်မှုဆိုတာသတ်မှတ်ချက်လိုပဲ
ချစ်မိသွားရင်ဆုံးရှုန်းရမှာ နှလုံးသားတစ်ခုလုံး

ချစ်သူတွေကပြိုင်ဆိုင်နေကျတဲ့မျဉ်းပြိုင်တွေမဟုတ်ပါဘူး
ဆုံမှတ်တစ်ခုကို လက်ခိုင်ခိုင်တွဲပီးအရောက်သွားနိုင်ဖို့ပဲလိုတာ

တကယ်အချစ်စစ်မှန်ရင်ဆုံနိုင်ဖို့ခက်သလို
ကိုယ်မချစ်တဲ့သူက ကိုယ့်ကိုအရမ်းချစ်တဲ့သူဖြစ်နေတတ်တယ်

တစ်ခါတစ်လေ မိဘတွေကိုလွန်ဆန်လို့မရလို့
ကိုယ်တကယ်ချစ်တဲ့သူကိုစွန့်လွတ်လိုက်ရတယ်ဆိုပေမယ်
ခိုင်မြဲနေတဲ့လက်သာ မြဲမြံပါစေ
တစ်ချိန်မှာအသိမှတ်ပြုကြမှာပါ

1အချစ်ဆိုတဲ့

အချစ်ဆိုတဲ့ သစ်ပင်တစ်ပင်ရှင်သန်လာစေဖို့ အဓိကက မေတ္တာနဲ့တူတဲ့ မြေဆီမြေသြဇာကောင်းဖို လိုပါတယ်။
လူတွေအနေနဲ့ကတော့ မေတ္တာပေါ့။ မေတ္တာပါမှသာလျှင် အချစ်ဆိုတဲ့အဓိပ္ပါယ်ဟာ ရေရှည်ခိုင်မြဲနိုင်မှာပါ။

ပန်းအိုးကတော့ သစ္စာလို့ အဓိပ္ပါယ်ဖွင့်ပါတယ်။ မေတ္တာရှိနေရုံနဲ့လည်း မပြီးသေးပါဘူး။ သစ္စာဆိုတဲ့ စည်းလေးလည်းရှိဖို့ လိုအပ်ပါသေးတယ်။ ဒါမှသာ အပြင်က အတိုက်အခိုက် အနှောင့်အယှက်တွေ ၀င်လို့မရမှာဖြစ်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး သစ္စာရှိနေမှသာ ရေရှည်လက်တွဲ လို့ရမှာပါ။ ပန်းအိုးလေးလို ပြင်ပအန္တရယ်တွေ ကာကွယ်ပေးနိုင်တာပေါ့။

အဲ့ဒီပန်းအိုးထဲကိုအပင်တစ်ပင်စိုက်လိုက်ပါပြီ။ သူဟာဒီအတိုင်းရှင်သန်လာမှာလား ၊ မဟုတ်ပါဘူး။ ဒီအတိုင်းထားရင်သေသွားဖို့ပဲ ရှိပါတယ်။ မသေဖို့အားအင်တစ်ခုလိုတယ် အဲ့တာကတော့ ရေပါ။ ရေလောင်းပေးထာမယ်ဆိုရင် ဒီအပင်လေးဟာ ရှင်သန်လာပါလိမ့်မယ်။ ကျွှန်တော်တို့အတွက် အချစ်တစ်ခု ရှင်သန်လာဖို့အတွက် အားအင်လိုပါတယ်။ အဲ့ဒီအားအင်ကတော့ ရေနဲ့ အလားသဏ္ဍာန်တူတဲ့ အားပေးမှု၊ နားလည်မှု၊ ယုံကြည့်မှုတွေပါပဲ။

နောက်တစ်ခုကတော့ သစ်ပင်တစ်ပင်အတွက် အဓိကလိုအပ်မှုဖြစ်တဲ့ နေရောင်ခြည်ပါ။ ဒီပန်းအိုးလေးမှာ အားလုံးပြီးပြည့်စုံနေသော်လည်း အိမ်ထဲမှာထည့်ထားရင် ကြီးထွားသင့်သလောက် ကြီးထွားလာမှာမဟုတ်ပါဘူး။ ထို့အတွက် နေရောင်ခြည်ကျရောက်ရာအရပ်မှာထား ရပါမယ်။
ထို့အတူပဲ အချစ်ဆိုတဲ့ တည်ဆောက်မှုကမ္ဘာလေး လောကရဲ့ အမြင့်ဆုံးနေရာထိ သွားနိုင်ဖို့အတွက် လိုအပ်သောအထောက်အပံ့တွေရဲ့ ရင်ငွေ့ကိုခိုလှုံရပါမယ်။

***ငါ…… မကြေကွဲမိပါဘူး……ဒါပေမယ့်…… **


နင့်ဖုန်းကို ချက်ချင်းပြန်မဖြေနိုင်တဲ့အခါတိုင်း
စိတ်မရှည်လေသံနဲ့ ဒေါသတကြီး ပြောဆိုတတ်တဲ့ နင်နဲ့….ဝေးသွားရတာ
ငါ…မကြေကွဲမိပါဘူး…
ဒါပေမယ့်
နင် ဖုန်းမဆက်တော့တဲ့အခါ
ဝမ်းနည်းပက်လက် ခံစားနေရတဲ့ ငါ့ကိုယ်ငါပဲ မကျေမနပ်ဖြစ်နေမိတယ်….။

အတူတူဆုံဖို့ နေရာရွေးတဲ့အခါတိုင်း
အမြဲ ပြဿနာရှာတတ်တဲ့ နင်နဲ့ ထာဝရ နှုတ်ဆက်လိုက်ရတာ
ငါ…မကြေကွဲမိပါဘူး…
ဒါပေမယ့်
အဲ့ဒီ့နေရာတွေရောက်တိုင်း…..နင့်အရိပ်တွေကို သတိရနေတတ်တဲ့ ငါ့ကိုယ်ငါ မုန်းတယ်..။

ငါ့ဝတ်စားဆင်ယင်ပုံတွေကို
အမြဲဝေဖန်ရှုံ့ချလေ့ရှိတဲ့ နင်နဲ့ လမ်းခွဲခဲ့ရတာ
ငါ…မကြေကွဲမိပါဘူး…
ဒါပေမယ့်
အ၀တ်အစားတွေ ရွေးချယ်တိုင်း
ခုချိန်တွေထိ
နင့်ဝေဖန်မှုတွေကို တမ်းတနေသေးတဲ့ ငါ့ကိုယ်ငါ စိတ်နာတယ်….။

ငါ့အပြင်အဆင်….နေထိုင်ပုံတွေနဲ့
အမြဲဆန့်ကျင်ဘက် ဖြစ်တည်နေတတ်တဲ့ နင်နဲ့ ပြန်မဆုံဖြစ်တော့တာ
ငါ…မကြေကွဲမိပါဘူး…
ဒါပေမယ့်
နင့်လိုပုံစံကောင်လေးတွေမြင်တိုင်း…..
နင်များဖြစ်နေမလားလို့ လိုက်ကြည့်နေမိတတ်တဲ့ ငါ့ကိုယ်ငါ စိတ်ပျက်တယ်…။

အဆင့်အတန်းတွေကွာလို့
အသိုင်းအ၀ိုင်းကြားမှာ ငါ့ကို ဖုံးကွယ်ထားခဲ့တဲ့နင်နဲ့ ကျောခိုင်းခဲ့ရတာ
ငါ…မကြေကွဲမိပါဘူး…
ဒါပေမယ့်
ဂုဏ်တွေ ဒြပ်တွေကြားထဲမှာ နင် ကြာရှည်စွာ မရပ်တည်နိုင်မှာကို
ခုထိ စိတ်ပူမိနေသေးတဲ့ ငါ့ကိုယ်ငါ အပြစ်တင်နေမိတော့တယ်…။

***ကွဲလွဲသွားသော ခံစားချက်များအကြောင်း***


ငါ့ကို လွမ်းတဲ့နင်က ငါနဲ့တူတဲ့ တခြားသူကို
အစားထိုး…….ဖြေသိမ့်ဖို့ကို အစွမ်းကုန် ကြိုးစားနေတယ်……….။

နင့်ကို လွမ်းမိတဲ့ငါကတော့………
နင်နဲ့ဆုံဖို့ကြိုးစား ဘ၀ရဲ့ အမောတွေကို အလွမ်းတွေနဲ့ တိုက်စားနေတယ်……….။

အချစ်ဆိုတာကို မသိသေးတဲ့နင်က
ကတိတွေကို မျက်ကွယ်ပြု
ရှေ့ဆက်ပျော်နိုင်ဖို့ အသစ်အဆန်းတွေ ဖွေရှာနေတယ်……..။

အချစ်စစ်ကို သိတဲ့ငါကတော့
နင်နဲ့ ပျော်နိုင်ဖို့ ငါ့အချိန်တွေ မြှပ်နှံရင်း
အနာဂတ်ကို ခြယ်သနေတယ်…………..။

သစ္စာကို မထိန်းနိုင်တဲ့နင်က………..
လက်တွေ့တွေမှာ ပျော်ဝင်ရင့်ပါး…..
နောက်ကြောင်းကိုမေ့ ချိုမြိန်တဲ့ စကားတွေကို သာယာနေတယ်……….။

သစ္စာကို ယုံမိတဲ့ငါကတော့……
အတိတ်တွေထဲမှာ နေသားကျ……
နင်နဲ့ဝေးတဲ့အချိန်တွေထဲလည်း……နင့်အကြောင်းကို ရင်ခုန်နေမိတယ်………။

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး